မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး

  • About
  • Help
  • Feedback
  • Contact
Wednesday, July 16, 2025
ABSDF

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး

No Result
View All Result
  • Home
  • About Us
  • Activity
  • Publication
  • Contact
  • Home
  • About Us
  • Activity
  • Publication
  • Contact
No Result
View All Result
ABSDF

ABSDF - Student Army

No Result
View All Result
Home Uncategorized

ကရင့်တော်လှန်ရေးနေ့အတွက် တော်လှန်သူတို့ ဂုဏ်ပြုစကား

admin@absdf by admin@absdf
February 2, 2024
in Uncategorized
0
ကရင့်တော်လှန်ရေးနေ့အတွက် တော်လှန်သူတို့ ဂုဏ်ပြုစကား

ကရင့်တော်လှန်ရေးနေ့အတွက် တော်လှန်သူတို့ ဂုဏ်ပြုစကား
ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ မှ ကောက်နှုတ်ချက်

ရဲဘော်သံခဲ ။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF ၊ ဥက္ကဋ္ဌ
ကရင့်အမျိုးသားတော်လှန်ရေးနေ့အတွက် အင်မတန်မှဂုဏ်ယူတယ်၊ ဝမ်းသာတယ်။ ကရင်အမျိုးသားတစ်ရပ်လုံးအတွက် အင်မတန်မှတန်ဖိုးထား၊ အလေးထားရမယ့် နေ့ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ကရင့်အမျိုး သားတော်လှန်ရေးနေ့ကို အပိုင်း(၃)ပိုင်း အဓိကထားပြီး ဂုဏ်ပြုချင်ပါတယ်။ (၇၅)နှစ်ဆိုတဲ့ကာလဟာ မျိုးဆက်အားဖြင့်ပြောရရင် မျိုးဆက်သုံးဆက်ဆက်တိုက် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့အနာဂတ်ပြည်ထောင်စုရဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ပုံစံ တစ်ခုကို ရုန်းကန်ခဲ့ကြ ရတဲ့ရှည်လျားတဲ့သမိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီမျိုးဆက် သုံးဆက်မှာ ပထမဆုံးမျိုး ဆက်ကြီးတွေဖြစ်တဲ့ အမျိုးသားတော်လှန်ရေးကို ရေစက်ချခဲ့ကြတဲ့ခေါင်းဆောင်ကြီးများဟာ ကျနော်တို့ တိုင်းရင်းသား အားလုံးရဲ့စံပြပုဂ္ဂိုလ်များလို့ပြောရင်ရပါတယ်။ ဒီနေရာမှာ လွတ်လပ်ရေးရပြီး တန်းတူ ရေးအတွက် ပထမဆုံးတိုက်ပွဲဝင်ခဲ့ကြရတဲ့သမိုင်းစဥ်ရှိပါတယ်။
ဒုတိယမျိုးဆက်ကတော့ တိုင်းပြည်ရဲ့ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို အင်အားစုအား လုံးနဲ့လက်တွဲညီညီ တိုက်ပွဲတွေကိုဖော်ဆောင်တယ်။ လက်တွဲညီညီ အားလုံးအတွက်ဦးဆောင်ပေးခဲ့တဲ့ မျိုးဆက်လို့ပြောရင် ဂုဏ်ပြုထိုက်တယ်လို့ ကျနော်ယူဆပါတယ်။ တတိယကတော့ လက်ရှိနွေဦးတော် လှန်ရေးနဲ့အတူ ပကတိဖြစ်နေတဲ့ စစ်အာဏာရှင်လက်တွေ့တိုက်ပွဲမှာ အားလုံးနဲ့အတူ လက်တွဲဆောင် ရွက်နေကြတာလည်း တွေ့ရတယ်။ တပြိုင်နက်တည်းမှာပဲ လွတ်မြောက်ရေးအတွက် ဦးဆောင်မှုအခန်း ကဏ္ဍလည်း ရှိတယ်။ ဒါကြောင့်မို့လို့ ဒီတတိယမျိုးဆက်တော့ တန်းတူခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့အတူ ပြည်ထောင်စုကို လက်တွေ့တိုက်ပွဲဝင်နေတဲ့ အမျိုးသားတော်လှန်ရေးလို့ကျနော် ယူဆပါတယ်။
ဒီ သုံးခုစလုံးဟာ အဆက်အစပ်တစ်ခုတည်း ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ (၇၅)နှစ်ဆိုတဲ့ သမိုင်းစဥ်တစ်လျှောက်လုံးမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ ကရင့်အမျိုးသားခေါင်းဆောင်တွေကိုကျနော်တို့ အလေးအမြတ်ပြုပါတယ်။ တပြိုင်နက်တည်းမှာပဲ ဒီနောက်မှာ မားမားမတ်မတ်ဝန်းရံပံ့ပိုးခဲ့ကြတဲ့ ကရင်အမျိုးသားထုတစ်ရပ်လုံးကိုလည်း ကျနော်တို့ဂုဏ်ပြုပါတယ်။ ဒါသည် သမိုင်းအတွက် အင်မတန်မှ တန်ဖိုးထားရမယ့် ကရင့်အမျိုးသားတော်လှန်ရေးရဲ့ရုပ်လက္ခဏာတင်မဟုတ်ပါဘူး၊ သမိုင်းရေးဆိုင်ရာ အချက်အလက်လို့ ကျနော်ပြောချင်ပါတယ်။

ShareTweet
admin@absdf

admin@absdf

Related Posts

မော်လူးမြို့တွင် စစ်ကောင်စီထောင်ထားသော မြေမြှုပ်မိုင်းများ ရှင်းလင်း
Uncategorized

မော်လူးမြို့တွင် စစ်ကောင်စီထောင်ထားသော မြေမြှုပ်မိုင်းများ ရှင်းလင်း

February 2, 2024
ABSDF တပ်ရင်း(၁) အခြေခံစစ်ပညာသင်တန်း (၃/၂၃) သင်တန်းဆင်းပွဲ
Uncategorized

ABSDF တပ်ရင်း(၁) အခြေခံစစ်ပညာသင်တန်း (၃/၂၃) သင်တန်းဆင်းပွဲ

February 2, 2024
KNU/KNLA မှ ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ABSDF ရဲဘော်များမှ မဟာမိတ်များနှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြခြင်း
Uncategorized

KNU/KNLA မှ ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ABSDF ရဲဘော်များမှ မဟာမိတ်များနှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြခြင်း

February 2, 2024
အမှတ် (၂) စစ်ကြောင်း စစ်ဘက်ဆိုင်ရာ သူနာပြုသင်တန်း အမှတ်စဉ်(၂/၂၀၂၃)  သင်တန်းဆင်းပွဲ
Uncategorized

အမှတ် (၂) စစ်ကြောင်း စစ်ဘက်ဆိုင်ရာ သူနာပြုသင်တန်း အမှတ်စဉ်(၂/၂၀၂၃) သင်တန်းဆင်းပွဲ

February 2, 2024
မဘိမ်းမြို့ကို KIA ၊ KPDF ၊ ABSDF နှင့် PDF အဖွဲ့များ တိုက်ခိုက်သိမ်းပိုက်
Uncategorized

မဘိမ်းမြို့ကို KIA ၊ KPDF ၊ ABSDF နှင့် PDF အဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

February 2, 2024
Load More
Next Post
အမှတ် (၂) စစ်ကြောင်း စစ်ဘက်ဆိုင်ရာ သူနာပြုသင်တန်း အမှတ်စဉ်(၂/၂၀၂၃)  သင်တန်းဆင်းပွဲ

အမှတ် (၂) စစ်ကြောင်း စစ်ဘက်ဆိုင်ရာ သူနာပြုသင်တန်း အမှတ်စဉ်(၂/၂၀၂၃) သင်တန်းဆင်းပွဲ

Popular News

  • ABSDF တပ်ရင်း(၁) အခြေခံစစ်ပညာသင်တန်း (၃/၂၃) သင်တန်းဆင်းပွဲ

    ABSDF တပ်ရင်း(၁) အခြေခံစစ်ပညာသင်တန်း (၃/၂၃) သင်တန်းဆင်းပွဲ

    0 shares
    Share 0 Tweet 0
  • မော်လူးမြို့တွင် စစ်ကောင်စီထောင်ထားသော မြေမြှုပ်မိုင်းများ ရှင်းလင်း

    0 shares
    Share 0 Tweet 0
  • KNU/KNLA မှ ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ABSDF ရဲဘော်များမှ မဟာမိတ်များနှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြခြင်း

    0 shares
    Share 0 Tweet 0
  • မဘိမ်းမြို့ကို KIA ၊ KPDF ၊ ABSDF နှင့် PDF အဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

    0 shares
    Share 0 Tweet 0
  • အမှတ် (၂) စစ်ကြောင်း စစ်ဘက်ဆိုင်ရာ သူနာပြုသင်တန်း အမှတ်စဉ်(၂/၂၀၂၃) သင်တန်းဆင်းပွဲ

    0 shares
    Share 0 Tweet 0

By Categories

  • Uncategorized

အရေးတော်ပုံ အောင်ရမည်

Recent News

  • မော်လူးမြို့တွင် စစ်ကောင်စီထောင်ထားသော မြေမြှုပ်မိုင်းများ ရှင်းလင်း
  • ABSDF တပ်ရင်း(၁) အခြေခံစစ်ပညာသင်တန်း (၃/၂၃) သင်တန်းဆင်းပွဲ

Our Social Media

  • About
  • Help
  • Feedback
  • Contact

© 2024 ABSDF. All Rights Reserved.

No Result
View All Result
  • Home
  • About Us
  • Activity
  • Publication
  • Contact

© 2024 ABSDF. All Rights Reserved.