မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ
ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)၊ အမှတ် (၂) စစ်ကြောင်း စစ်ဘက်ဆိုင်ရာ သူနာပြုသင်တန်း အမှတ်စဉ်(၂/၂၀၂၃) ၊ အပတ်စဉ် (၄) သင်တန်းဆင်းပွဲကို
၃၁.၁၂.၂၀၂၃ နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ သင်တန်းဆင်းပွဲတွင် ကျောင်းသား တပ်မတော် အမှတ် (၂) စစ်ကြောင်း ဆေးသင်တန်းမှူး ရဲဘော် ဝေဟင်မိုး မှ အမှာစကား ပြောကြားခဲ့ပြီး ဆုရရှိသူ ရဲဘော်များကို ဆုချီးမြှင့်ခြင်းများလည်း ပြုလုပ်ခဲ့ကြပါတယ် ။
သင်တန်းကာလ ၃ လကျော် ကြာမြင့်ခဲ့ပြီး ABSDF ရဲဘော်များနှင့်အတူ PDF ရဲဘော်များနှင့် ပကဖ ရဲဘော်များကိုပါ သင်တန်းပို့ချပေးနိုင်ခဲ့ပါတယ် ။