KNU/KNLA ၊ ABSDF ၊ PDF ပူးပေါင်းအဖွဲ့များမှ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၄း၃၀ နာရီဝန်းကျင် မှာ နတ်သံကွင်းမြို့နှင့်အတူ အခြားနေရာများကို ဝင်ရောက် စီးနင်းခဲ့ကြပါတယ် ။
KNU/KNLA မှ ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ABSDF ရဲဘော်များမှ မဟာမိတ်များနှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်ပါတယ်။
အဓိကအားဖြင့် နတ်သံကွင်းမြို့ကို ဦးတည်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး တောင်ငူလေယာဉ်ကွင်းနှင့် လက်ပါတ်ကျေးရွာရှိ စစ်ကောင်စီ စခန်းများကို တပြိုင်နက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ် ။
လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီမှ လေကြောင်းမှ ပစ်ကူပေးနေကြောင်း သိရပါတယ်။