သတင်းထုတ်ပြန်ချက်
မော်လူးမြို့တွင် စစ်ကောင်စီထောင်ထားသော မြေမြှုပ်မိုင်းများ ရှင်းလင်း
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့
မော်လူးမြို့တွင် ရန်သူ စစ်ကောင်စီတပ်ထောင်ထားသော မြေမြှုပ်မိုင်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများ
နှင့် ပကဖများက ပြည်သူလူထုထိခိုက်မှုမရှိစေရန် ရှာဖွေလျက်ရှိရာ မြေမြှုပ်မိုင်း အလုံး (၃၀) ကို ရှင်းလင်းဖယ်ရှားခဲ့ပြီး ဖြစ်သည်။
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် KIA၊ PDF၊ KPDF၊ ABSDF၊ ဒေသခံ ပကဖ၊ ပလဖတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့၊ နံနက် (၆) နာရီတွင် သိမ်းပိုက်ခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ